ပျော်ဘွယ် ဧပြီ ၂
ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်း သောက်ရေသန့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရန် လမ်းညွှန်ချက်များအား အသိပညာပေးဆွေးနွေးခြင်းကို ဧပြီလ ၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က အစားအစာနှင့်သောက်သုံးရေတို့သည် ကျန်းမာရေးအတွက် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေမှုအခြေအနေများ၊ ထုတ်လုပ်သူများအနေ ဖြင့် သန့်ရှင်းသောစားသောက်ကုန်ထုတ်လုပ်ရာတွင် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကိုရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးမာန်သက်ဦးက သန့်ရှင်းသောသောက်ရေရရှိရေးအတွက် ရေအရင်းအမြစ်ရယူနည်းများ၊ ကုန်ထုတ် လုပ်မှုဆောင်ရွက်နေစဉ် လိုက်နာရမည့် အကြောင်းအရာများ၊ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရယူနည်းများ၊ ကျန်းမာရေးဌာန၏ စစ်ဆေးမှုခံယူနိုင်သော၊ ထောက်ခံချက်ပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်စေရန် လမ်းညွှန်ချက်များ အတိုင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးပြီး တက်ရောက်လာသူများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)