ချမ်းမြသာစည်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆို

ချမ်းမြသာစည် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမအကြီးတန်း၊ ပထမအလတ်တန်းနှင့် ပထမအငယ်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပါဠိပထမပြန်အကြီးတန်းစာမေးပွဲတွင် စာဖြေသံဃာတော် ၄၈ ပါး၊ ပါဠိပထမပြန် အလတ်တန်း စာမေးပွဲတွင် စာဖြေသံဃာတော် ၆၈ ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသမီး ၁ဦး၊ ပါဠိပထမပြန် အငယ်တန်းစာမေးပွဲတွင် စာဖြေသံဃာတော် ၁၄၄ ပါး ဖြေဆိုလျက်ရှိသည်။ စုစုပေါင်း (၃၃၄) ပါး စာရင်းရှိပြီး (၂၆၁) ပါးဖြေဆို၍ (၇၃) ပါး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့်အဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ စာဖြေသံဃာတော်များဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန် /ဆက်)