ငါန်းဇွန်မြို့၌ နွေရာသီအေရိုးဗစ်(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ငါန်းဇွန်  ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၈နာရီက နွေရာသီအေရိုးဗစ်(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်များ၊ အေရိုးဗစ်ကစားခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသားများနှင့် အုပ်ထိန်းသူမိဘများအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မို့မို့စံက သင်တန်း နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၀) တက်ရောက်ကြသည်။ သင်တန်းကာလမှာ ဧပြီ ၂ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)