ညောင်ရွှေမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြောကြားခြင်းနှင့် လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်ရွှေ  ဧပြီ ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ၂၄ နာရီလျှပ်စစ်မီးဖွင့်လှစ်ခြင်းကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ဘော်လပတ်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၄ နာရီလျှပ်စစ်မီးဖွင့်လှစ်ခြင်းတွင် ကျေးရွာနေမိဘပြည်သူများနှင့်တွေ့ဆုံ၍ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိန်လင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြောကြားရာတွင် ယခုကျေးရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးကို  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း ကျေးရွာနေ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲပေးကြရန်လိုကြောင်း၊ သဘာဝဘေးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးပေါ်သို့ သစ်ပင်/သစ်ကိုင်းများလဲကျနေပါက ကိုင်တွယ်ခြင်းမပြုဘဲ မြို့နယ်လျှပ်စစ်ရုံးသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားပေးကြရန်လိုကြောင်းနှင့် လျှပ်စစ်ဓာတ်အား အန္တရာယ် ကင်းရှင်း စွာ အသုံးပြုရေးဆိုင်ရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်လျှပ်စစ်ဌာန တာဝန်ရှိသူများက မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ