ရပ်စောက်-ဗထူးနှစ်ခြင်း ခရစ်ယာန်အသင်းတော် ခရစ်ယာန်ဓမ္မပညာဌာန နွေဥတုသမ္မာကျမ်းစာသင်တန်း ဖွင့်လှစ်

ရပ်စောက် မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်-ဗထူးနှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ခရစ်ယာန် ဓမ္မပညာဌာန နွေဥတုသမ္မာကျမ်းစာသင်တန်းကို သင်တန်းသူ၊ သင်တန်းသားများ နွေရာသီအားလပ်ရက်အချိန်များ အကျိုးရှိစွာအသုံးချတက်နိုင်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးငယ်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မတ်လ ၂၉ နေ့ ညနေ ၆ နာရီကဖွင့်လှစ်ခဲ့ပြီး ၃၀ ရက်နေ့နံနက် ၆ နာရီ ၃၀ မိနစ်တွင် စတင်ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် Morning Exercise ၊ သမ္မာကျမ်းစာသင်ကြားလေ့လာခြင်း၊ သီချင်းသင်ကြားခြင်း၊ လက်မှုသင်ကြားခြင်း၊ အားကစားပြိုင်ပွဲများ၊ ကျမ်းပဟေဠိနှင့် အထွေထွေဗဟုသုတပြိုင်ပွဲများ၊ ပုံဆက်ပြောပြိုင်ပွဲများ၊ Action Song ပြိုင်ပွဲနှင့် ပြဇာတ်ပြိုင်ပွဲများကို ပြုလုပ်သင်ကြားသွားမည်ဖြစ်ပြီး နွေဥတုသင်တန်းတွင် ဆရာ၊ ဆရာမသုံးဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား(၃၄)ဦး တက်ရောက်ကာ သင်တန်းကို မတ်လ (၃၀) ရက်နေ့မှ ဧပြီလ(၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)