ဇေယျာသီရိ မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်းချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာကြီး၊ စာရေးဆရာမကြီးများက စာရေးဆရာ နန္ဒရေးသားသည့် ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ စာအုပ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)