လဲချားမြို့တွင် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုနှင့် Fire Hotspots လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

လဲချား မတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုနှင့် Fire Hotspots လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်ခြင်း ယနေ့နံနက်  ၁၀ နာရီခွဲအချိန်က ဝမ်ဆန်းကျေးရွာအုပ်စုခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးက အသိပညာပေးဆွေးနွေးခြင်း၏ရည်ရွယ်ချက်နှင့် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုနှင့် Fire Hotspots လျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး မီးသတ်ဦးစီးမှူးကအမှိုက်သရိုက်များ မီးရှို့ခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင်ပတ်သက်၍လည်းကောင်း၊ သစ်တောဦးစီးမှူးမှ မီးရှို့ခြင်းမှ သစ်တောများမပြုန်းတီးစေရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြေစာရင်းဦးစီးမှူးမှ မီးရှို့ခြင်းနှင့်လယ်ယာမြေ အကြောင်းအရာများအားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)