သာစည် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မတ် ၃၁ ရက်နံနက်က အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းနည်းပြဆရာ/မများကို ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းထူးချွန်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့် ဌာနဆိုင်ရာများက သင်တန်းနည်းပြများနှင့် ဆုရ ကျောင်းသား/ သူများကို အမှတ်တရလက်ဆောင်များနှင့် ဆုများချီးမြှင့်သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သင်တန်းပြီးမြောက်သည်အထိ တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုငွေတစ်ဦးလျှင် ကျပ် ၁၀၀၀၀ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းများကို မတ်လဆန်းမှစတင်၍ တစ်လခန့်အကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်