ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

ငါန်းဇွန်  မတ် ၃၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့ မွန်းတည့် ၁၂နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၃)၊ ဖြေဆို(၃)သည်လည်းကောင်း၊ ပထမလတ်တန်း၌ စာရင်းရှိ(၁၁)၊ ဖြေဆို(၉)၊ ပျက်ကွက်(၂)သည်လည်းကောင်း၊ ပထမငယ်တန်း၌ စာရင်းရှိ(၂)၊ ဖြေဆို(၁)၊ ပျက်ကွက်(၁)သည် လည်းကောင်း၊ အခြေပြုမူလတန်း၌ စာရင်းရှိ(၁၃)၊ ဖြေဆို(၈)၊ ပျက်ကွက်(၅)သည်လည်းကောင်း အဘိဓမ္မတ္ထ သင်္ဂဟဘာသာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

သက်နောင်ဦး(ငါန်းဇွန်)