မိုင်းယောင်း မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကာ စက်သုံးဆီဈေးနှုန်း၊ အခြင်အတွယ်နှင့် အရည်အသွေးမှန်ကန်စေရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စက်သုံးဆီ ရောင်းချခြင်းမပြုစေရေး စသည့် စက်သုံးဆီများ စနစ်တကျရောင်းချရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
စိုင်းအောင်ဇော်လင်း