ဘားအံ မတ် ၃၁
ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က အရန်/သန္ဓေတပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ရှာဖွေကယ်ဆယ်ရေးအတတ်ပညာများအား စဉ်ဆက်မပြတ်လေ့လာ အားထုတ်သွားစေလိုကြောင်း၊ ပြည်သူများ သဘာဝဘေးအန္တရာယ်ဖြင့် ကြုံတွေ့လာရပါက သန္ဓေ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကယ်ဆယ်ရေးစွမ်းရည်တိုးတက်မြင့်မားစေရန်၊ နိုင်ငံတကာ၌ ကျင့်သုံးနေသော အသက်ကယ်လုပ်ငန်းစဉ်များနှင့် နည်းစနစ်များအား သိရှိနားလည်ကျွမ်းကျင်တတ်မြောက်ပြီး မိမိနေထိုင်ရာဒေသကို အကျိုးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှာ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများမှ အသက်ကယ်စွမ်းရည် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)