ဝိုင်းမော် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်းဆက် လမ်း(၈/၀)မိုင် အနက် (၁/၀)မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးမျိုးလွင်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုစင်ကြိုင်-ဂူခန်ကျေးရွာချင်းဆက် လမ်းပိုင်းတွင် မူလလမ်းအရှည်(၈/၀)မိုင်အနက် (၁/၀)မိုင် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို အကျယ် (၂၆)ပေ အမြင့်(၅)ပေ Box Culvert (၄)စင်း၊ Pipe Culvert(၃)စင်းတို့ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် အဆိုပါလမ်း ဆောင်ရွက်ပေးခြင်းဖြင့် ကန်ပိုက်တီမြို့၊ ဝေမိုးကျေးရွာ အုပ်စုမှ ကျေးရွာပေါင်းပေါင်း(၁၀)ရွာ၊ အိမ်ထောင်စု(၃၄၆)စုနှင့် လူဦးရေပေါင်း (၂၇၅၂)၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ အကျိုးပြု ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)