မိုင်းယောင်း မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်သုံးဆီနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်ထွေ/အုပ်ရုံးခန်း၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရန်အတွက် စက်သုံးဆီအခြေအနေနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်လာအောင် အလေးထားဆောင်ရွက်ကြရန် ဖြည့်စွက်ဆွေးနွေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း