မိုင်းနောင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား ဆောင်ရွက်

မိုင်းနောင် မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းနောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းမှ အဖွင့်အမှာစကားပြောကြား၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းကျော်အောင်က တောင်သူများအားလုံး မိမိတို့၏ ဥယျာဥ်မြေ၊ ခြံမြေ၊ လယ်ယာမြေများကို စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးအတွက် မြေယာလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ တောင်သူ (၃၀)ဦးတို့အား မြေယာလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ကို စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)