လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

လားရှိုး မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေများအား မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရိုး)မှ ရဲမှူးကြီး ခင်မောင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင်ရဟန်း၊ သာမဏေ၊ သီလရှင် ၁၆ ပါး၊ ပထမလတ်တန်းတွင် ရဟန်း၊ သာမဏေ၊ သီလရှင် ၅၄ ပါး၊  ပထမငယ်တန်းတွင် ရဟန်း၊ သာမ‌ဏေ၊ သီလရှင် ၉၄ ပါး၊ အခြေပြုမူလတန်းတွင် သာမဏေ၊ သီလရှင် ၁၇၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၃၃၉ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။

အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲအား မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး စေတနာရှင်၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများအနေဖြင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)