သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

သံတောင်ကြီး  မတ် ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ စာအုပ် စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာ ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊  ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုတကြွယ်ဝပြည့်စုံသောလူငယ်များ ဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အားတနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် ရုံးချိန်အတွင်းပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်သည့် စာဖတ်ပရိသတ်များအားအိမ်တိုင်ရာအရောက် ကွင်းဆင်းကာ ငှားရမ်းပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နော်လော်မူထံက သိရသည်။

နော်နော်မူ