လယ်ဝေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လယ်ဝေး မတ် ၃၁

မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက လယ်ဝေးမြို့နယ်အတွင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်းကာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများစုပေါင်း၍ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်‌ကြောင်းနှင့် ဆပ်ကော်မတီများက စီစဉ်ဆောင်ရွက်ထားရှိမှုများအား တင်ပြနိုင်ရေးဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအားတင်ပြဆွေးနွေးသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများက လိုအပ်သည်များကို တင်ပြဆွေးနွေးရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)