တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို

တန့်ယန်း မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အား ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီမှ  ကြီးကြပ်၍ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိ မောက်ဘာသာ၊ ဒွေမာတိကာဘာသာတို့အား မြို့နယ်ရှိကျောင်းတိုက်အသီးသီးတို့မှ အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများမှ ရဟန်း (၅)ပါး၊ သာမဏေ (၁၈)ပါး၊ သီလရှင်(၄၇)ပါး စုစုပေါင်း(၇၀)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)