လှိုင်းဘွဲ မတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပသော ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ကြသော အောင်ပွဲရ လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြန်မာ့စီးပွားဘဏ်(ခွဲ)ရှေ့၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါကြိုဆိုဂုဏ်ပြုပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက သပြေပန်း၊ နှင်းဆီပန်း၊ ပန်းကုံးများနှင့် ဂုဏ်ပြုလက်ဆောင်များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းသားများက ဆုဖလားကြီးနှင့် ပြိုင်ပွဲတွင် အသီးသီးရရှိသော ဆုများနှင့်အတူ မြို့အတွင်း လှည့်လည်အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)