မြဝတီ မတ် ၃၀
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ ဟိတကာရီဗိမာန်တော် စာဖြေဌာန၌ ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကစ္စည်း သဒ္ဒါကြီး ဘာသာရပ်ကို ဆက်လက်ဖြေဆိုသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကစ္စည်းဘာသာရပ်ကို ပထမကြီးတန်းတွင် ဝင်ရောက်ဖြေဆိုသည့် သံဃာတော် (၁၀) ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၁၁) ပါး၊ သီလရှင် (၇) ပါး၊ ပထမငယ်တန်းတွင် သံဃာတော် (၂၅) ပါး၊ သီလရှင် (၁၅) ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော် (၆၃) ပါး၊ သီလရှင် (၃၃) ပါး စုစုပေါင်း သံဃာတော် (၁၀၉)ပါးနှင့် သီလရှင် (၅၅) ပါး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)