ပင်းတယမြို့ Community Centre ခန်းမ၌ ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲ ကျင်းပ

ပင်းတယ မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ရှိ Community Centre ခန်းမတွင် ယ‌နေ့နံနက် ၁၁ နာရီအချိန်က ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံစံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် ပန်းချီပြိုင်ပွဲအား မတ်လ ၅ ရက်နေ့မှမတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းတွင် တက်ရောက်သင်ကြားနေ့သည့် ကျောင်းသား/သူများကို ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ကျောင်းသား/သူများမှ စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြ‌ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)