သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး အသီးအထွက်နှုန်းကောင်းမွန်ရန်မျှော်လင့်

သံတောင်ကြီး  မတ် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့်နှစ် ရှည်ဉယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထားလုပ်ကိုင် အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများအားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုး ဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး  ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း  လိုင်ချီးစိုက်တောင်သူများ မျှော်လင့်ကြကြောင်းသိရသည်။

သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များကို မိမိတို့အိမ်ခြံဝင်းနေရာလွတ်များနှင့် ဉယျဉ်ခြံများတွင် စိုက်ပျိုးကြသည်။ ယခုနှစ်တွင်လိုင်ချီးပင်များ ဝေဝေဆာဆာဖူးပွင့်ချိန်တွင် အသီးတင်ပြီးအထွက်နှုန်း ကောင်းမွန်စေရန်ဒေသခံများ မျှော်လင့်နေကြပြီး ယခင်နှစ်တွင် လိုင်ချီးသီး(၁၀၀)လုံး တစ်ထုပ်လျှင် ကျပ်(၅၀၀၀) ထိရရှိ ကာဈေးကောင်းရရှိသည့်အတွက် လိုင်ချီးပင်များကိုပြန်လည် ပြုပြင်ထိန်းသိမ်းလာကြသကဲ့သို့ ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

နော်နော်မူ