ညောင်ရွှေမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ညောင်ရွှေ မတ် ၃၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ သင်တန်းသား သင်တန်းသူများက လက်ခံကြသည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများက ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုအားကစားနည်းအလိုက် သရုပ်ပြတင်ဆက်ပြီး သင်တန်းနည်းပြများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ နွေရာသီအားကစားအခြေခံသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ် အားကစားနည်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)