မြစ်သား မတ် ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပသည်။
အဆိုပါစာမေးပွဲများကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိဖြေဆိုမည်ဖြစ်ရာ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အခြေပြုမူလတန်း၊ ဝိနည်းကျင့်ဝတ်ဘာသာ၊ စာရင်းရှိသံဃာတော် ၄၉ ပါး၊ ဖြေဆိုသံဃာတော် ၄၄ပါး၊ ပျက်ကွက်သံဃာတော် ၅ ပါး၊ ပထမငယ်တန်း သုကုမာရမဂ္ဂဒီပနီဘိက္ခုပါတိမောက်ဘာသာ စာရင်းရှိ သံဃာတော် ၄၆ ပါး၊ ဖြေဆိုသံဃာတော် ၃၈ ပါး၊ ပျက်ကွက်သံဃာတော် ၈ ပါး၊ ပထမလတ်တန်း ဓမ္မပဒ ဒွေမာတိကာဘာသာ စာရင်းရှိသံဃာတော် ၁၈ ပါး၊ ဖြေဆိုသံဃာတော် ၁၆ ပါး၊ ပျက်ကွက်သံဃာတော် ၂ ပါး၊ ပထမကြီးတန်း ဓမ္မပဒဘာသာ သံဃာတော် စာရင်းရှိ ၂၂ ပါး၊ ဖြေဆိုသံဃာတော် ၂၀ ပါး၊ ပျက်ကွက် သံဃာတော် ၂ ပါး၊ စုစုပေါင်းဖြေဆိုသံဃာတော် ၁၁၈ ပါးတို့ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက်သံဃာတော် ၁၇ ပါးရှိ၍ ၈၇ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို သံဃာတော်များစိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တဦးပုည၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ အကျိုးတော်ဆောင်အဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးဦးမှူးများ၏ ဦးဆောင်မှုဖြင့် အလှူရှင်များကလိုအပ်သည့် ဆွမ်းနှင့် အချိုရည်များကို အလှည့်ကျလှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ဝါဝါမြင့်(မြစ်သား)