လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

လှိုင်းဘွဲ မတ်လ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က လှိုင်းဘွဲမြို့မပရိယတ္တိစာသင်တိုက်နှင့် မဟာသုမေဓါရာမတောရကျောင်းတိုက်တို့၌ ကျင်းပခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို စာမေးပွဲကြီးကြပ်ရေး ဆရာတော် / သံဃာတော်များနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ကာ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ပထမကြီးတန်းတွင် စာဖြေသံဃာ (၉) ပါး၊ ပထမလတ်တန်းတွင် (၁၃) ပါး၊ ပထမငယ်တန်းတွင် (၂၃) ပါး၊ အခြေပြုမူလတန်းတွင် (၈၃) ပါး စုစုပေါင်း စာဖြေသံဃာ (၁၂၈) ပါးဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ (ပြန်/ဆက်)