ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ ဆက်လက်ဖြေဆို

ကျောက်ပန်းတောင်း မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ သတ္တမနေ့ကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ဓမ္မဗိမာန်တော်ကြီး၏ အပေါ်ထပ်နှင့် အောက်ထပ်တို့တွင် ဆက်လက်ဖြေဆိုလျက်ရှိကြရာ၊ မြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူး ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များက အနီးကပ် ကြီးကြပ်ပြီး၊ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာမေးပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့များက စာဖြေသံဃာများ၊ သီလရှင်ဆရာလေးများ အဆင်ပြေအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၆-ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲ သတ္တမနေ့တွင် အကြီးတန်းနှင့် ပထမလတ်တန်းတို့က ဒွေမာတိကာ/ဓမ္မပဒကျမ်းကို ဖြေဆိုတော်မူကြပြီး၊ အကြီးတန်းတွင် စာရင်းရှိ ရဟန် ၂၄ ပါး၊ သာမဏေ ၁၃ ပါးနှင် သီလရှင် ၃ ပါး ပေါင်း အပါး  ၄၀  အနက်၊ ရဟန်း ၂၂ ပါး၊ သာမဏေ ၁၂ ပါး၊ သီလရှင် ၃ ပါး ပေါင်း ၃၇ ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ ပထမလတ်တန်းတွင် ရဟန်း ၂၄ ပါး၊ သာမဏေ ၆၉ ပါး၊ သီလရှင် ၃ ပါး ပေါင်း ၉၆ ပါး စာရင်းသွင်းထားသည့် အနက်၊ ရဟန် အပါး ၂၀ ၊ သာမဏေ ၆၆ ပါး၊ သီလရှင် ၂ ပါး ပေါင်း ၈၈ ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ ပထမငယ်တန်း၌ ဘိက္ခုပါတိမောက်/ဓမ္မပဒ ကျမ်းကို ရဟန်း ၁၂ ပါး ၊ သာမဏေ အပါး ၁၂၀ ၊ သီလရှင် ၃ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးပေါင်း ၁၃၆ ဦး စာရင်းရှိသည့်အနက် ရဟန်း ၁၂ ပါး၊ သာမဏေ ၁၀၃ ပါး၊ သီလရှင် ၃ ပါး ၊ လူ ပုဂ္ဂိုလ်တစ်ဦး ပေါင်း ၁၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ အခြေပြု မူလတန်း ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ကျမ်းကို ရဟန်း ၁၀ ပါး၊ သာမဏေ ၁၆၃ ပါး၊ သီလရှင် ၄ ပါး စာရင်းရှိသည့်အနက် ရဟန်း ၈ ပါး၊ သာမဏေ ၁၂၆ ပါး၊ သီလရှင် ၃ ပါး ပေါင်း ၁၃၇ ပါး ဝင်ရောက်ဖြေဆိုတော်မူကြရာ၊ စုစုပေါင်း စာဖြေသံဃာနှင့် သီလရှင် အပါး ၃၈၀ နှင့် လူပုဂ္ဂိုလ်တစ်ဦးဖြစ် ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)