ကျိုင်းတုံ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဆရာတော်ကြီးငါးပါးအား ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲအခမ်းအနားကို မတ် ၂၇ ရက်က ကျိုင်းတုံဟော်နန်းရှေ့၊ နောင်တုံကန်ပတ်လမ်းတွင် ကျင်းပရာ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်မှ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ တာချီလိတ်မြို့၊ မဟာဗောဓိကမ္မဌာန်းကျောင်းမှ ဆရာတော် ဘဒ္ဒန္တဉာဏသီရိနှင့် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းမှ ဆရာတော် ဘဒ္ဒန္တဉာဏသီရိက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သီလဓမ္မကုန်းသာ တောရကျောင်းတိုက်မှ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့်သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက မင်္ဂလာမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဆရာတော်ကြီးငါးပါးဖြစ်သည့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်မှ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ ထိုင်းနိုင်ငံ၊ ဇင်းမယ်ဝတ်လွမ်းကျန်ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပဇာမုနိ၊ ကျိုင်းတုံမြို့ ပါလျံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဓမ္မဝရဆွာတိဆမ်ပျဲန်း၊ ကျိုင်းတုံမြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တနန္ဒမာလာနှင့် ကျိုင်းတုံမြို့၊ သီရိနော်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒတို့၏ ဖခူးဝါးဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာအခမ်းအနားအား ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းမှ ဆရာတော် ဘဒ္ဒန္တဉာဏသီရိက ကျေးဇူးတင်စကားပြောကြားကာ မေတ္တာပို့ဆုတောင်းခဲ့သည်။ ဆရာတော်ကြီးငါးပါးအား ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကျင်းပသည့် ကျိုင်းတုံဟော်နန်းအနီးနှင့် ကန်ပတ်လည်တစ်လျှောက်တို့တွင် စျေးရောင်းချသူများ၊ လာရောက်လည်ကြသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)