နမ့်စန်(တ) မတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက နမ့်စန်မြို့နယ်တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရိုးရာဓလေ့ထုံးတမ်းအစဉ် အလာများအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် တတိယအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ညွှန်ကြားချက်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ယခုနှစ်သင်္ကြန်ပွဲတွင် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည့် အခြေအနေတို့ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ဘဏ္ဍာငွေရှာဖွေ ရရှိမှုအခြေအနေနှင့် လုပ်ငန်းများအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းလျှေက်သင်္ကြန်ဆောင်ရွက်မည့် နေရာ၊အကျယ်အဝန်းနှင့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက မဟာသင်္ကြန်ပွဲတော် လှပစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်း၍ လုပ်ငန်းအလိုက်အတည်ပြုချက်ရယူခဲ့ကြသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ စတင် ၍ နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက် မြိုနယ်ခန်းမရှေ့တွင် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များ တည်ဆောက်ဖွင့်လှစ်၍ ဖွင့်ပွဲ၊ပိတ်ပွဲနှင့်ဆုပေးပွဲအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ နေ့စဉ်၊ ညစဉ် ဖျော်ဖြေရေးအဆိုအကများနှင့် စတုဒီသာအကျွေးအမွေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုမဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပေ ၃၀၀ အရှည် အဆောက်အဦများဆောင်ရွက်၍ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ မုန့်လုံးရေပေါ် သင်္ကြန်များ ထည့်သွင်း၍ စတုဒီသာအကျွေးအမွေးများ နေ့စဉ်လှူဒါန်းကျွေးမွေးကာ ပြည်သူများ အေးချမ်းသာယာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)