တောင်ကြီး မတ် ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက စဝ်စံထွန်းဆေးရုံ၌ ကျင်းပကြောင်းသိရသည်။
ဦးစွာ ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ တောင်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တောင်ကြီး မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ကြည့်ရှုအားပေးကြပြီး သွေးအလှူရှင်ဝန်ထမ်းများကို တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)၊ ကြက်ဥ(၁၀)လုံး၊ ပဲနို့(၁)ကဒ်၊ အားဖြည့်အချိုရည် (၁)ဘူး၊ ဓာတ်ဆား (၅)ထုပ်နှင့် အားဆေးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သွေးအလှူရှင်များမှ လှူဒါန်းထားသောသွေးအိတ်များကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အမျိုး သမီးရေးရာဥက္ကဋ္ဌတို့က လှူဒါန်းရာ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၆၅)ဦးမှ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)