မြစ်ကြီးနား မတ် ၂၆
မြန်မာအမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ အကြမ်းဖက်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ စီးပွားရေး၊ အရေးပေါ်အခြေအနေများ၊ လူ့အခွင့်အရေး၊ မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ် စသည့်လုပ်ငန်းများကို ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များအနေဖြင့် ခိုင်မာသည့် မိမိတို့ အင်အားစုကြီး၏ ခွန်အားကို အသုံးပြုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဝင်းက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင် ချမှတ်ခဲ့သော လမ်းညွှန်ချက်များ၊ ရှေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များနှင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခေါန်ထွယ်က ၂၀၂၆ ခုနှစ် အတွင်း လှုပ်ရှားဆောင်ရွက်သွားမည့် ရှေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ခရိုင်/ မြို့နယ် အဖွဲ့များက လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ရှေးလုပ်ငန်းစဉ်များအား အသီးသီး ရှင်းလင်းတင်ပြရာ နာယကက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)