တောင်ဥက္ကလာပမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြော

တောင်ဥက္ကလာပ မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်‌သေခံမှတ်ပုံတင်စနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်မီမီတင်ငွေက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်ရေး အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)