မူဆယ် မတ် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ စာတတ်သူတိုင်းစာဖတ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ၊ ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ဆောင်ရွက်ရာ ပထမဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပရခြင်းအကြောင်းကိုရှင်းပြခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စာပေအနုပညာ အမြင်ဖွင့်သင်တန်း တက်ရောက်နေသည့် သင်တန်းသားများအား အဖွဲ့ ၂ ဖွဲ့ ခွဲ၍ ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် အနိုင်ရသည့်အဖွဲ့အား သင်တန်းဆင်းနေ့တွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)