ကော့မှူး မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက Seeder ဖိုးကြွေးကျန်များ ကောက်ခံပေးသွင်းကြရန်၊ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၄/၂၀၂၆) အတွက် သင်တန်းသားအမည်စာရင်းအားပုံစံ(၁)ဖြင့် ပြုစုပေးပို့ကြရန်၊ စစ်မှုထမ်းကိစ္စများနှင့်ပတ်သက်၍ ငွေကြေးပါဝင်ပတ်သက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ စက်သုံးဆီချွေတာစွာသုံးစွဲရေး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးမှုများ ဆောင်ရွက်ကြရန်၊ မဟာင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းတာဝန်များအား ပေါင်းစပ်ဆောင်ရွက်၍ လိုအပ်သည်များကို မြို့နယ်ကော်မတီသို့ ပြန်လည်တင်ပြကြရန်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)