ညောင်ဦးခရိုင်၌ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ဒုတိယကျမ်း)ဆက်လက်ဖြေဆို

ညောင်ဦး မတ် ၂၄    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၄ ရက်၊မွန်းတည့် ၁၂ နာရီတွင် ညောင်ဦးမြို့နယ်၊ပုဂံမြို့ဟောင်း၊ ဇမ္ဗူဒီပသာသန ဗိမာန်တော်ကြီး၌ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ဒုတိယကျမ်း)ဆက် လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ဓမ္မာစရိယစာမေးပွဲကို စတင်ကျင်းပခြင်းဖြစ်ပြီး ညောင်ဦးမြို့နယ်၌ ရဟန်း ၂၀ ပါး၊ သီလရှင် ၇ ပါး၊ စုစုပေါင်း ၂၇ ပါးဖြေဆိုလျက်ရှိကြောင်းသိရပြီး မတ် ၂၃ ရက်မှ ဧပြီ ၄ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲကို ရဟန်း၊ သာမဏေနှင့်သီလရှင်များ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များက၊ ရဟန်း၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အနီးကပ်ကြီးကြပ်စောင့်ရှောက်လျက်ရှိကြပြီး ရဟန်းသံဃာတော်များနှင့်စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအား ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့မှ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း