လှိုင်သာယာ (အနောက်) မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀:၃၀) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အခွန်ဦးစီးအရာရှိ ဦးရဲထွန်းက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စနစ်ဆိုင်ရာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများအား (Power Point) ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)