ကွန်ဟိန်း မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုပ်သား(ရုပ်သံ)၊ ဒေါ်ဟေမာမျိုးက ကလေးငယ်များအသိပညာဗဟုသုတများရရှိစေရန်အတွက် ရုပ်ပုံပြ၊ ပုံပြင် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗသုသုတများတိုးပွါးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)