ကျိုင်းတုံမြို့၌ ME STYLE CUP အသက်(၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျိုင်းတုံ မတ် ၂၄

၂၀၂၆ ခုနှစ် ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ME STYLE CUP အသက်(၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ် ၂၂ ရက် ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် Old Star(Keng Tung) အသင်းနှင့် Lahu Star အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Old Star(Keng Tung) အသင်းက Lahu Star အသင်းကို  ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်း၊ ဘောလုံးပြိုင်ပွဲတွင် အဓိကကူညီပံ့ပိုးသည့် ME STYLE Sportwear’s Founder မှ ဦးစိုင်းဆေနော်တို့က ပွဲစဉ်အလိုက် အကောင်းဆုံကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ကျိုင်းတုံမြို့နယ်မှ အသက်(၄၀)နှစ်နှင့်အထက် ပြိုင်ပွဲဝင်အသင်းများက မတ် ၁၀ ရက်မှ ၂၂ ရက်ထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)