ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ကျောက်ပန်းတောင်း မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို မတ် ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ ဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။

အဆိုပါ စာမေးပွဲတွင် ဓမ္မာစရိယ စာမေးပွဲကို စတင်ကျင်းပခြင်းဖြစ်ပြီး၊ ရဟန် ၃၅ ပါး၊ သီလရှင် ၂ ပါး စုစုပေါင်း ၃၇ ပါး ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အနက် ရဟန် ၃၀ ပါး၊ သီလရှင် ၂ ပါး စုစုပေါင်း ၃၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ပျက်ကွက် ၅ ပါးဖြစ်ကြောင်း သိရပြီး၊ (၂၃-၃-၂၀၂၆)ရက်နေ့မှ (၂၆-၃-၂၀၂၆) ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ရဟန်း၊ သာမဏေနှင့် သီလရှင်များ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများမှ အနီးကပ် ကြီးကြပ်၍ အကျိုးတော်ဆောင်အဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးဦးမှူးများ၏ ဦးဆောင်မှုဖြင့် အလှူရှင်များက လိုအပ်သည့် ဆွမ်းနှင့် အချိုရည်များကို အလှည့်ကျ လှူဒါန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နေအောင်(ပြန်/ဆက်)