မိုးနဲ မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ ၁၀ နာရီအချိန်က လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/ သူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် သတိပြုဖွယ်ပလတ်စတစ်အန္တရာယ်အကြောင်းများပါရှိသော အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဗဟုသုတရဖွယ်စာအုပ်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ဗဟုသုတအသစ်များတိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်နိုင်ခြင်းတို့အပြင် စာအုပ်စာစောင်များကိုပါ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို