ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များထံသို့ စာပေဖတ်ရှုမှုအဆင်ပြေစေရန်၊ စာဖတ်ခြင်း အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်များကို စုံလင်စွာငှားရမ်းပေးခဲ့သည်။

အဆိုပါ နယ်လှည့်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့်ရပ်ကွက်နေပြည်သူများထံသို့ သုတ၊ ရသစာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန္တာ