မိုင်းခုတ် မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် တပ်မတော်နေ့အထိမ်းအမှတ် ဆောင်းပါး၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်၊ အားသစ်စေကြောင်း ပြည့်သားကောင်းကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၂၇.၃၂၀၂၅)ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းစသည်တို့ကို ဖော်ပြထားရှိပါသည်။
၈၁ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဝန်ထမ်းများက မိုင်းခုတ်မြို့ပေါ်ရပ်ကွက်များနှင့် တပ်ရင်းတပ်ဖွဲ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်(မိုင်းခုတ်၊ ပြန်/ဆက်)