ဟားခါး မတ် ၂၀
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာကြသော ရွေးကောက်ခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် ချင်းပြည်နယ်လွှတ်တော်၊ မန်းထာရိပ်သာသို့ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် သွားရောက်ကြည့်ရှုပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုသည့် မန်းထာရိပ်သာသို့ သွားရောက်ကြည့်ရှုရာတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်ဌေးတို့က လိုက်ပါခဲ့ပြီး ချင်းပြည်နယ်လွှတ်တော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုခန်းများအား လိုက်လံပြသပြီး လွှတ်တော်ကိုယ်စားလှယ်များ စာဖတ်ရှုလေ့လာနိုင်ရေးအတွက် Solar စနစ်တပ်ဆင်နိုင်ရေးနှင့် ကိုယ်စားလှယ်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံပံ့ပိုးရန် လိုအပ်သည့်အချက်များကို မေးမြန်း စုံစမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)