ကျောက်ဆည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံအား ဆည်ရေကို အဓိကအားထား၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စိုက်ပျိုးရေမြောင်း ၃ မြောင်းဖြင့် နွေနှမ်း ၁၀၄၅၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာ၌ နွားတက်မြောင်းရေဖြင့် ဟံမြင့်မိုရ်ကျေးရွာအုပ်စု၌ ၇၀၂ ဧက၊ လယ်ကြီးကျေးရွာအုပ်စု၌ ၁၀၅၁ ဧက၊ ပုန်းညက်ကျေးရွာအုပ်စု၌ ၁၂၉၇ ဧက၊ သင်းဒီးမြောင်းရေဖြင့် ဆူးလေကုန်းကျေးရွာအုပ်စု၌ ၉၄၀ ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စု၌ ၁၀၄၅ ဧက၊ မြေစိုမိုးကျေးရွာအုပ်စု၌ ၁၂၀၃ ဧက၊ ပဲခင်းကျေးရွာအုပ်စု ၌ ၁၃၀၂ ဧက၊ ပေါင်လောင်ကျေးရွာအုပ်စု၌ ၈၂၀ ဧက၊ နွားတက်၊ သင်းဒီး မြောင်းရေဖြင့် ကျားကာကျေးရွာ အုပ်စု၌ ၁၂၀၅ ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စု၌ ၂၄၄ ဧက၊ အထက်လင်းဇင်းမြောင်းရေဖြင့် ၆၅၀ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
လျာထားနွေနှမ်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို အလည့်ကျစနစ်ဖြင့် ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)