လိပ်သိုဒေသတွင် မရမ်းသီးမှည့်များ လှိုင်လှိုင်ပေါ်ချိန် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို မတ် ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို‌ဒေသတွင် ရာသီပေါ်သီးနှံဖြစ်သော  မရမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍ ​ဒေသခံများမှာ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် သာမိုးတောင်၊ ကော်ပတ်ခြံ၊ မြသာကုန်း အစရှိသည့် ကျေးရွာများ၌ မရမ်းသီးများထွက်ရှိပြီး မရမ်းသီးမှည့်အချိုသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မရမ်းသီးမှည့်အချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ထိ‌ ဈေးရရှိနေကြောင်း သိရသည်။

မရမ်းသီးခြံပိုင်ရှင်အချိန်မှာ အဆိုပါမရမ်းသီးမှည့်များကို အစိုအတိုင်း ရောင်းချခြင်းမပြုပဲ ထက်ခြမ်းခွဲကာ အခြောက်လှန်းပြီး ရောင်းချကြကြောင်း၊ မရမ်းသီးပင်များသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ယခုနှစ်တွင် မရမ်းသီးများအထွက်နှုန်း လျော့နည်းကြောင်း မရမ်းစိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။

နော်ဖလောရင်း