တံတားဦး မတ် ၁၈
မန္တလေးတိုင်းဒေသကြီးတံတားဦးခရိုင် တံတားဦးမြို့နယ် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၃ နာရီက တံတာဦးမြို့နယ် ရဲစခန်းအတွင်း ပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားလာပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး အေးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ၊ တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ဟန်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ကြသည်။
သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ရုံး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။ မီးဘေးလုံခြုံရေးစီမံချက်ပါအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက စနစ်တကျ ဆောင်ရွက်တတ်စေရန် မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်းဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မီးဘေးသရုပ်ပြဇောတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)