ပျော်ဘွယ် မတ် ၁၈
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်းကျင်းပလျက်ရှိရာ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီကစတင်၍ သတ်မှတ်စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၃၄၆ ဦး၊ ကျောင်းသူ ၆၂၈ ဦး၊ စုစုပေါင်း ၉၇၄ ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား ၃၃၉ ဦး၊ ကျောင်းသူ ၆၁၁ ဦး၊ စုစုပေါင်း ၉၅၀ ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား ၇ ဦး၊ ကျောင်းသူ ၁၇ ဦး၊ စုစုပေါင်း ၂၄ ဦးရှိကြောင်း၊ ဘောဂဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၆၂၈ ဦး၊ ကျောင်းသူ ၇၉၈ ဦး၊ စုစုပေါင်း ၁၄၂၆ ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား ၅၉၄ ဦး၊ ကျောင်းသူ ၇၈၁ ဦး၊ စုစုပေါင်း ၁၃၇၅ ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား ၃၄ ဦး၊ ကျောင်းသူ ၁၇ ဦး၊ စုစုပေါင်း ၅၁ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)