မိုးကောင်း မတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အလယ်ရပ်ကွက်ရှိ Tun This Sa Preschool (ထွန်းသစ်စမူကြိုကျောင်း)၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို အောင်ရှမ်းစုကျေးရွာ ဇမ္ဗူအေးကျောင်းတိုက် ဇမ္ဗူသီရိခန်းမ၌ မတ်လ(၁၃)ရက် နံနက်(၉)နာရီခွဲတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ထွန်းသစ်စမူကြိုကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပန်းခင်းအလှစုံညီ၊ ချစ်ခြင်းများစွာပေးကြပါနှင့် Graduation song တို့ဖြင့် ဖျော်ဖြေကြပြီး ကျောင်းတာဝန်ခံဆရာမ ဒေါ်သိမ့်သိမ့်ရွှေနှင့် ဖိတ်ကြားထားသူများက ကျောင်းဆင်း လက်မှတ်ပေးအပ်ကြသည်။
ဆက်လက်၍ ထွန်းသစ်စမူကြိုမှ ကျား-အကြီးတန်းနှင့်မ-အကြီးတန်းအဆင့်များက ''One to ten song'' ကဗျာဖြင့်လည်းကောင်း၊ ကျား-အငယ်တန်းအဆင့်နှင့်မ-အငယ်တန်းအဆင့်တို့က ''ten little song''ကဗျာဖြင့်လည်းကောင်း ရွတ်ဆိုယှဉ်ပြိုင်ကြပြီး မျှော်လင့်နေတုန်း ပျိုဖုန်းလှမ်းခဲ့ပါ၊ အိန္ဒိယ၊ I love you၊ On the floor ယိမ်းသမလေးတွေ၊ လော့ကာလော့ကာ၊ နွေဦးကဗျာတေးသီချင်းများဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ခံဆရာမနှင့် တက်ရောက်လာသော ဧည့်သည်တော်များက ဆုအသီးသီးချီးမြှင့်ကြောင်းသည်။
သန်းလွင်ဦး(ပြန်/ဆက်)