ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ကျောင်းသား/ ကျောင်းသူများ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၇

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန စုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် ယနေ့ စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် မတ် ၁၆ ရက်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်သည့် ကျောင်းသား/ ကျောင်းသူများအား ဘေးကင်းလုံခြုံစွာ လာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စစ်ဆေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ ဘေးန္တရာယ်ကင်းရှင်း လုံခြုံစွာဖြင့် စာဖြေနိုင်ရေး တာဝန်ရှိသူများက စနစ်တကျ ကူညီ‌ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ စာမေးပွဲကြီးကြပ်ရေးမှူးရုံးခန်း၌ တာဝန်ကျ ဆရာ/ ဆရာမများနှင့် တွေ့ဆုံကာ စာစစ်ဌာန၌ အဆိုပါကျောင်းအပါအဝင် အ.ထ.က(ခွဲ) လ-၃ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း များဖြစ်သည့် ပညာဘဏ်၊ K.S.S ကျောင်း၊ IPSS-2 ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူဦးရေ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ ၅၂၀ ဦးအနက် ၅၀၇ ဦးဖြေဆိုလျက်ရှိ သည့် အခြေအနေအပေါ် စာမေးပွဲလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ တင်ပြမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က အေးချမ်းစွာဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး စာဖြေခန်းများအတွင်း ကျောင်းသား/ကျောင်းသူများ စာဖြေခန်းများအတွင်း စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးအဖွဲ့ရုံးခန်း ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားခဲ့ကာ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် စာမေးပွဲကို ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ ၁၂၁၈၀ ဦးအနက် ရူပဗေဒဘာသာရပ်၌ ဖြေဆိုသူဦးရေ စုစုပေါင်း ၉၄၁၅ ဦး၊ သမိုင်းဘာသာရပ်၌ ဖြေဆိုသူဦးရေ (၂၂၀၈)ဦးရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစာမေးပွဲတွင် စာစစ်ဌာန (၃)ခု၌ ယနေ့ စာမေးပွဲ ပဉ္စမနေ့တွင် မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ၊ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး စသည့်ဘာသာရပ်များကို စာရင်းရှိဦးရေ စုစုပေါင်း (၂၀၀)ဦးတွင် ကျောင်းသား/ကျောင်းသူ အားလုံး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက် အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီက မြို့နေပြည်သူလူထု များအား အသိပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာရေအား လျှပ်စစ်စီကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ဈေးသူ/ ဈေးသားများ၊ မိမိတို့ဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် နေ့စဉ်ကြိုးစားလုပ်ကိုင်နေကြသည့် လူငယ်များ၊ ဒေသခံမိဘပြည်သူများအား ချပြရှင်းလင်းသွားမည်ဖြစ်သကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏အမြင်များ၊ စိုးရိမ်ချက်များ ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြော ကြားသည်။

ထို့နောက် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်က မြစ်ဆုံစီမံကိန်းကို ဘာကြောင့် တည်‌ဆောက်သင့်သလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးထွန်းထွန်းလှိုင်၊ ဦးအားဖူရီလီမီနှင့် ဦးနော်ထွယ်တို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်ရမည့် အချက်အလက်များ၊ စီမံကိန်းကြောင့် ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့် အခြေအနေများ၊ နိုင်ငံတကာမှ ရေကာတာကြီး များအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ က စီမံကိန်းနှင့် စပ်လျဉ်း၍ သိလိုသည်များနှင့် ရရှိခံနိုင်မည့် အကျိုးကျေးဇူးများအပေါ် ၎င်းတို့၏ လို လားချက်များ၊ အမြင်များကို မေးမြန်းဆွေးနွေးကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်း လင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မြစ်ကြီးလေဆိပ်အတွင်း လေယာဉ်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)