တာချီလိတ် မတ် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အ.ထ.က(တာချီလိတ်) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများသည် အ.ထ.က(တာချီလိတ်) စာစစ်ဌာနအတွင်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေနေစဉ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးနှင့် ကျန်းမာရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
တာချီလိတ်မြို့နယ်အနေဖြင့် အ.ထ.က(တာချီလိတ်)နှင့် အ.ထ.က(တာလေ) စာစစ်ဌာန ၂ ခုရှိပြီး ယနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၂၈၆ ဦး၊ လာရောက်ဖြေဆိုသူ ၂၆၆ ဦး၊ ပျက်ကွက် ၂၀ ဦးဖြစ်ရာ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် ၉၃.၀၁ ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)