ညောင်ရွှေမြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ရွှေ မတ် ၁၇

ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများပြောင်းလဲကျင့်သုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်မြင့်က ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူအနေအထိုင်များအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နီလာစိုးက တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်ချမ်းပြည့်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ နွေရာသီပန်းချီသင်တန်း သင်တန်းသား/ သင်တန်းသူ ၄၈ ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ